Blog

GWI 10th Anniversary Ceremony (23-9-2023)

Blog
25-05-2026
867

"မမျှော်လင့်သောဖြစ်ရပ်များကြောင့် ဆုံးရှုံးရသော ပြည်သူများရဲ့အသက်အိုးအိမ်ပိုင်ဆိုင်မှုများကို ပြန်လည်ထူထောင်ရန် ကူညီပံ့ပိုးပေးနိုင်ရမည်"ဟူသောရည်ရွယ်ချက်ဖြင့် ကျွန်တော်တို့ Global World Insurance Company ကိုတည်ထောင်လာခဲ့တာ ယခုဆို (၁၀)နှစ်တာပြည့်မြောက်ခဲ့ပါပြီ။

(၁၀)နှစ်တိတိပြည့်တဲ့ 23.9.2023 ရက်နေ့မှာပဲ ဂလိုဘယ်ဝေါ(လ်)ရဲ့ (၁၀)နှစ်ပြည့်ပွဲအခမ်းအနားကို Sky Star Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲမှာ Managing Director ဦးစိုးဝင်းသန့်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဂလိုဘယ်ဝေါ(လ်) Corporate Commercial Video အားပြသခြင်း၊ အကအလှများဖြင့်ဖျော်ဖြေတင်ဆက်ခြင်း၊ Companyနှင့် ရေရှည်လက်တွဲလုပ်ဆောင်ခဲ့ကြတဲ့ဝန်ထမ်းများကို ဆုပေးအပ်ချီးမြင့်ခြင်း၊  ဝန်ထမ်းများအား ကံစမ်းမဲဖောက်ပေးခြင်း အစရှိတဲ့အစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့ပြီးစုပေါင်းအမှတ်တရဓာတ်ပုံများရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

>

Newsletter for recieve